27 C
Yangon

ညောင်ရွှေ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် PDF က သဂြိုလ်ပေးနေရ

Must read

ညောင်ရွှေ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်း ၄၀ ကျော်ကို စစ်တပ်က ၃ လ နီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် PDF က သဂြိုလ်ပေးနေရ

ရန်ကုန်၊ ဇွန် ၁၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်း ၄၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ၃ လနီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသောကြောင့် PDF တပ်ဖွဲ့များက ကောက်ယူ သဂြိုလ်ပေးခဲ့ကြောင်း Bees Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာနှင့် ရေပူရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများကို အကြမ်း ဖက် စစ်တပ်က ၃ လနီးပါးကြာသည် အထိ လာရောက် ကောက်ယူခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် ပုတ်ပွနေသော စစ်သားအလောင်းများကို ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းရေး ပြုလုပ်ပြီး သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

“သူတို့လည်း လူတွေပဲလေ လူ့ဂုဏ်သိက္ခာနဲ့အညီတော့ ဖြစ်သင့်ပါတယ်။ သူတို့လူကြီးက တန်ဖိုးမထားတော့လည်း သူတို့အတွက်က စိတ်မကောင်းစရာပါပဲ။ ၂ လကျော်ကြာတဲ့အထိ စစ်တပ်က အလောင်းလာရောက် ကောက်ယူခြင်းမရှိတဲ့အတွက် ပူးပေါင်းအဖွဲ့က ကောက်ယူ သဂြိုလ်ပေးခဲ့ပါတယ်” ဟု Bees Column မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article