30 C
Yangon

ရုရှား IL76 ကုန်တင်လေယာဉ် RA-76846 နေပြည်တော်အေလာလေတပ်အတွင်းသို့ ရောက်ရှိပြီး ကုန်ပစ္စည်းများ လာပို့

Must read

ရန်ကုန်၊ ဇွန် ၁၈

ရုရှားIL 76 ကုန်တင်လေယာဉ် RA-76846 သည် ယမန်နေ့ညပိုင်း နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး အေလာလေတပ်အတွင်း ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်ကြောင်း နေပြည်တော်လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် အဆိုပါ ရုရှားIL 76 ကုန်တင်လေယာဉ် RA-76846 သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းသို့ ဆိုက်ရောက်ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ချရန် နေပြည်တော်အေလာလေတပ်အတွင်းသို့ ဝင်ရောက် သွားကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်သည် နေပြည်တော်တွင် ၂ ရက်ဝန်းကျင် ရပ်နားမည်ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ကလည်း နေပြည်တော်သို့ ကုန်များ လာရောက်ချထားပေးခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံမှ ကုန်တင်လေယာဉ်များသည် နေပြည်တော်သို့ လာရောက်၍ စစ်လက် နက်ပစ္စည်း၊ စစ်သုံးပစ္စည်းများ လာရောက်ချပေးခြင်း၊ ငွေစက္ကူရိုက်နှိပ်ရာတွင် အသုံးပြုသည့် စက္ကူများနှင့် မင်အမျိုးအစားများကို လာရောက်ပို့ဆောင်ခြင်းများ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article