27 C
Yangon

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်| ဇွန် ၁၈

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစု ပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကျော်အချိန်က အရပ်သားနေ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေ ကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဒေသခံတစ်ဦးက ” အမျိုးသမီးကြီး တစ်ဦးသေတယ်။ ဆက်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေတယ်။ နောက် ကလေးလေးတစ်ယောက် အသက် ၇ နှစ်လောက်ရှိမယ် သေသွားပါတယ်။ ပြည်သူတွေနေတဲ့ရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ ဗုံးကြဲတာ။ ဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး။ AA ဆိုတာလည်းမရှိဘူး။ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်နေတာပဲ။ ” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိပြီး အရေအတွက်အတိအကျ စုံစမ်းနေဆဲဖြစ်ကြောင်း၊ တောင် ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများရှိရာသို့ လက်နက်ကြီးများ ယနေ့အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်းနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

ဇွန်လ ၁၅ ရက်နေ့ ညက တောင်ကုတ်မြို့အနီး AA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ အချိန်ပိုင်း ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲများမရှိကြောင်း သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်၌ ဗုံးစထိမှန်၍ တောင်ကုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရှိရသည်။

တောင်ကုတ်တိုက်ပွဲ သေဆုံးသူတိုးလာနေပြီး ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ စုစုပေါင်း ၄ ဦးရှိကာ သံတွဲတိုက်ပွဲတွင် သေဆုံးသူ ၃၉ ဦးအထိရှိလာနေသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article