27 C
Yangon

မန်တုံမြို့နယ်၊ မန်တောက်ရွာရှိ စစ်တပ် စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက် သွားရှာသည့် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၈

ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ မန်တောက်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက် သွားရှာသည့် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မန်တောက်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ၁၃၀ တပ်စခန်းဟောင်းအနီး ဟင်းသီးဟင်းရွက်သွားရှာစဥ် အသက် ၃၄ နှစ်အရွယ် ယာအီဆေးသည် မြေမြှုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ကာလ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများတွင် မိုင်းအန္တရာယ်နှင့် စစ်လက်နက်ကြွင်းကျန် အန္တရာယ်များ ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် တောတောင်ထဲကို အလုပ်သွားသည်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များရှာဖွေသည်ဖြစ်စေ သတိပြုရန် TNLA က တိုက်တွန်းထားသည်။

ထို့ပြင် ဇွန်လ ၁၁ ရက်နေ့ကလည်း မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းဟောင်း၌ မိုင်းပေါက်ကွဲ၍ မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပန်လော့ရွာတွင် ထောင်မိုင်းပေါက်ကွဲ၍ အရပ်သား ပြည်သူ ၁ ဦး ခြေထောက်တစ်ဖက်ပြတ်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article