26 C
Yangon

သံတောင်-တောင်ငူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

Must read

သံတောင်-တောင်ငူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ် သံတောင်-တောင်ငူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thaw thi kho) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်စခန်းမှ ဆင်းသက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၀ စီးကို သံတောင်-တောင်ငူ လမ်းပိုင်းရှိ ၆ မိုင်နှင့် ၇မိုင် အကြားတွင် KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကြားဖြတ်တိုက်ခိုက်တာပါ။ ရန်သူဖက်က အင်အားများတော့ လက်နက် မကောက်နိုင်ခဲ့ဘူး။ ရန်သူ့ကားအပြန်ကို စောင့်ပြီးတိုက်ခတ်ခဲ့တာပါ” ဟု KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thaw thi kho) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article