27 C
Yangon

စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရ

Must read

စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့် ပစ်ခတ်၍ တအာင်းတပ်မတော် TNLA တပ်သား ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် TNLA စခန်းသို့ လက် နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၄၄ မိနစ်အချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ မွန်းလွဲ ၃ နာ ရီ ၅၅ မိနစ်တွင်လည်းကောင်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ယနေ့ ကျဆုံးသွားသော TNLA ရဲဘော်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article