ရန်ကုန်၊ ဇွန် ၁၉
အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးမှု ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကမ်ပိန်းများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင် ကူညီပေးနေခြင်းအပေါ် ၎င်း၏ အလိုချင်ဆုံးသော မွေးနေ့ လက်ဆောင် ဖြစ်လိမ့်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောဆိုလိုက်သည်။
မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်မြောက် မွေးနေ့အတွက် ဖေ့ဘုတ်စ် လူမှုကွန်ရက်မှတစ်ဆင့် မွေးနေ့ဆုတောင်းစဉ် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အခုအချိန်မှာ အမေအတွက် ပန်းတွေ ကိတ်မုန့်တွေကို အမေ့ကိုချစ်တဲ့လူတွေက မွေးနေ့လက်ဆောင်အဖြစ်ပေးချင်ကြပေမယ့် အမေ့အနေနှင့်က လက်ခံခွင့်မရရှိသည့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အမေ့အတွက် အကောင်းဆုံးလက်ဆောင်ကတော့ ကျွန်တော် နှင့် အမေ့ကို ချစ်တဲ့သူတွေအတူတကွ တတ်နိုင်သည့်ဘက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကမ်ပိန်းများမှနေပြီး တတ်နိုင်သည့် အဘက်ဘက်မှအကူအညီပေးခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်းအမေ့ရဲ့ အလိုချင်ဆုံးမွေးနေ့လက်ဆောင်ဘဲဖြစ်မယ်လို့ထင်ပါတယ်” ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ဇွန်လ ၁၈ ရက်နေ့ လူမှုကွန်ရက်မှတစ်ဆင့် မိခင် မွေးနေ့ ဆုတောင်းစကားအဖြစ် ဖော်ပြထားသည်။
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးမှုကို ခံထားရခြင်းဖြစ်ပြီး အကျဉ်းထောင်အတွင်း ၄ နှစ်မြောက် မွေးနေ့ကို ဖြတ်သန်း နေရခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar