27 C
Yangon

သင်္ဃန်းကျွန်း၊ သုဝဏ္ဏ ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဥမ္မာကျော်က စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁ သောင်းခွဲမှ ကျပ် ၃ သောင်း အထိ လစဉ် ခြိမ်းခြောက်တောင်းနေ

Must read

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်ဥမ္မာကျော်က စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၁ သောင်းခွဲမှ ၃ သောင်းအထိ လစဉ် ခြိမ်းခြောက်တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဧပြီလမှ စတင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်ဥမ္မာကျော်က ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်ရှိ အမျိုးသားများ နေထိုင်သော နေအိမ်များ အားလုံးကို လစဉ် ငွေကျပ် ၁ သောင်းခွဲမှ ၃ သောင်း အထိ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသော တက္ကသိုလ်ကျောင်းသားများဆိုပါ လူငယ် ၁ ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှင့် တက္ကသိုလ်ကျောင်းပြီး၍ အလုပ်အကိုင်ရှိသော အမျိုးသားများကိုမူ ၁ ဦးလျှင် ငွေကျပ် ၃၀၀၀၀ လစဉ် ကောက်ခံနေကြောင်း၊ ငွေကြေးမပေးလျှင် စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများရှိကြောင်း သိရှိရသည်။

“သုဝဏ္ဏ ၂၅ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဥမ္မာကျော် က စစ်မှုထမ်းဥပဒေ အကြောင်းပြပြီးလစဉ် အဓမ္မ ငွေကြေးကောက်ခံမှုတွေ ပိုလုပ်လာတယ်။ စစ်ခွေးတွေ စစ်အာဏာသိမ်း ကာလ စတင်ချိန်ကစပြီး သုဝဏ္ဏ ၂၅ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးဖြစ်လာသူပါ။ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လစဉ်ကြေး ကောက်ခံနေတာ သုံးလမြောက်ရှိနေပါပြီ ရပ်ကွက်မှာရှိတဲ့ အိမ်တိုင်း မထည့်မနေရ ကောက်ခံနေတာ သာမန်ကျောင်းသား အရွယ်ဆို ၁၅ဝဝဝ ကျပ်ကနေစပြီး လုပ်ငန်းခွင် ဝင်ရောက်နေသူများဆိုပါက ၃၀ဝဝဝ ကျပ် အထိ လစဉ်ကောက်ခံနေတာပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ကောက်ခံရာတွင် သုဝဏ္ဏ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်ဥမ္မာကျော်သည် ၎င်းကိုယ်တိုင် လုပ်ဆောင်ခြင်းမရှိဘဲ ရပ်ကွက်ရုံးစာရေးနှင့် စာရေးမများကို လွှတ်၍ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံကောက်ခံခိုင်းခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးသည့်နောက်ပိုင်း စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေညှစ်တောင်းခံမှုများ တောက်လျှောက်ဆိုသလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသည့်လူငယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသည့်လူငယ်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article