27 C
Yangon

ဝက်လက်၊ ရွှေဘိုနှင့် ရေဖြူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် စစ်တပ်ဂိတ်စခန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘို မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများက ရိက္ခာရှာဖွေရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်း ပဒေသာမိုင်း ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီးနောက် ဟံလင်းပျူမြို့ဟောင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ရွှေဘိုမြို့နယ် မခေါက်ပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများသည် ရွာအနောက်ဘက်ကို ကင်းလှည့်ရန် ထွက်လာစဉ် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က စောင့်ဆိုင်း၍ ပဒေသာ မိုင်း ၃ ပွိုင့် ဖြင့် မိုင်းကွင်း အရောက်၌ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး မခေါက်ပျူစောထီးရွာထဲ ပြန်လည် ဝင်ရောက်သွားကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲဂိတ်ရှိ အကြမ်းဖက် စစ်သားများကို စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးသွားပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ် ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDF နှင့် Dawei Guerrilla Revolutionary Force – DGRF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့် စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article