28 C
Yangon

ချောင်းဦးနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

Must read

ချောင်းဦးနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

ရန်ကုန်၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၅၄ မိနစ်ခန့်တွင် ဝမ်ပေါင်မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၅ စီးနှင့် Jammer ကားတစ်စီးအနက် ၃ စီးမြောက် ကြေးနီတင်တွဲကားကို ချောင်းဦးမြို့နယ်၊ နတ်ရေ ကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာကြား အရောက် ကင်ပုန်းအထပ်ထပ်ကြားမှ ပဒေသာမိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားခေါင်းခန်းကို ထိထိမိမိ ထိမှန်ခဲ့ပြီး ခေါင်းခန်းအတွင်းလိုက်ပါ လာ သော အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပထမသွား ကပ်တုန်းက ကင်းပုန်းနဲ့ ထပ်တိုက်တိုးလို့ ပြန်ဆုတ်လာရတာ၊ နောက်တစ်ကြိမ် တခြား ဘက်ကနေ ရအောင်ပြန်ကပ်ပြီး ခွဲခဲ့ရတာ။ ကားကတော့ ခေါင်းခန်းတော်တော်ထိသွားတယ်၊ ခေါင်း တခြား ကိုယ်တခြားဖြစ်သွားတယ်လို့ သိရတာ၊ တခြားနေရာတွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတယ်၊ အားလုံး ကား ၃ စီးပျက်စီးတယ်လို့ သတင်းထပ်ရတယ်၊ နဘဲကြူးနဲ့ ပျော့ရွာကြားမှာ မိုင်း ထပ်ထိပြီးတော့ ကားတွေ အဲနားရပ်ထားရတယ်၊ ညောင်ပင်ဝန်းနဲ့ ပျော့ရွာကြားတလျှောက်မှာလည်း စစ်ခွေးတွေ ခြေရှုတ်နေတယ်လို့ ကြားသိရပါတယ်” ဟု Daung Karyan က ရန်ကုန်ခတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

မိုင်းထိမှန်သွားသော ကား၏ ခေါင်းခန်းအတွင်းမှ မီးခိုးများ အူထွက်ကာ ဒယီးဒယိုင်ဖြင့် မောင်းနှင် သွားပြီး အကြမ်းဖက်စစ်သား ကင်းပုန်းများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ဖွဲ့ ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ရှောက်တောရိုးကွေ့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးပျက်စီးသွားကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့မှ ပြင်စည်ရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်လိုက်ပါလာသည့် ဖောကားတစ်စီးကို ရှောက်တောရိုးကွေ့ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလုံးဝ ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၁ နာရီခန့်တွင် ကားပျက်သွားသဖြင့် လမ်းလျှောက်နေသော အကြမ်းဖက်စစ်သား များကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article