25 C
Yangon

ဝိုင်းမော်မြို့အနီး KIA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

Must read

ဝိုင်းမော်မြို့အနီး KIA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး KIA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့မှ စ၍ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့ထိ ဖြစ်ပွားနေပြီး ဝိုင်းမော်မြို့မြောက်ဘက် ဝူယန်ရွာနှင့် လုမြန်ရွာ အကြားတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

“ဒီနေ့တစ်နေကုန် ဝိုင်းမော်မြို့ မြောက်ဘက် ဝူယန်ရွာနဲ့ လုမြန်ရွာ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်မှာတော့ ထိတွေ့ တိုက်ပွဲက ငြိမ်သွားပြီ မနေ့က လုမြန်တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘ​က်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၂ ဦး သေတယ်။ စစ်ခွေးတွေ ထိုးစစ်ဆင်လာတာ သူတို့တော်တော် အထိနာသွားကြတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article