26 C
Yangon

နိုင်ငံတော်သံဃာမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော် လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရကြောင်း သံဃာ့ အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန၏ထူးခြားဖြစ်စဉ် အစီရင်ခံစာက အတည်ပြု

Must read

နိုင်ငံတော်သံဃာမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော် လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရကြောင်း သံဃာ့ အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန၏ထူးခြားဖြစ်စဉ် အစီရင်ခံစာက အတည်ပြု

ရန်ကုန်၊ ဇွန် ၁၉

နိုင်ငံတော်သံဃာမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်သော်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သံဃာ့အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန အစီရင်ခံစာက အတည်ပြုလိုက်သည်။

ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကား သည် တိုက်ပွဲအကြားရောက်ရှိ၍ PDF က ပစ်ခတ်သောကြောင့် ဆရာတော်ပျံလွန်တော်မူကြောင်း လိမ်လည် သတင်းထုတ်ပြန်လာကြောင်း၊ ထိုသို့ လိမ်လည်သတင်းထုတ်ပြန်ရာတွင် ဆရာတော်၏ ကားသမား ယာဉ်မောင်းဆိုသူ၏ မျက်နှာကို ဝါး၍ ၎င်း၏ ထွက်ဆိုချက်ဟုဆိုကာ စစ်ကောင်စီသတင်းဌာနများက လိမ်လည် သတင်းထုတ်ပြန် ဖော်ပြလာခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်သည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ကျော်လှိုင်က အထူးအစီရင်ခံစာဖြင့် ကနဦး တင်ပြထားသည်။

သာသနာရေးဝန်ကြီးဌာန၏ အထူးအစီရင်ခံစာတွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်ပြီး ဆွမ်းစားရန် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာအကြား လုံခြုံရေးကင်းလှည့်နေသူ(စစ်ကောင်စီတပ်)များ နှင့်တွေ့ရှိ၍ ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သွားသည့်အတွက် လုံ ခြုံရေးတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်ခဲ့ပြီး ကံသုံးဆင့်ဆရာတော်မှာ ပွန်းပဲ့ဒဏ်ရာရရှိကြောင်း၊ ဆရာတော်၏ ယာဉ်မောင်းမှာ လက်ခြေတို့တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေး တိုင်း သာသနာရေးမှူးက ထူးခြားဖြစ်စဉ်အဖြစ် အစီရင်ခံစာ တင်ပြထားသည်။

ပဲခူးမြို့ရှိ သံဃာတော်အသိုင်းအ၀ိုင်းကလည်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်းကို အတည်ပြုထားပြီးဖြစ်ကြောင်း မိန့်ကြား ပြောဆိုကြသည်။

“ဆရာတော် နေ့ဆွမ်းစားဖို့ ကြွတဲ့အချိန်မှာ အဲဒီဘက်မှာတိုက်ပွဲလည်း မရှိဘူး။ ပစ်ခတ်မှုလည်းမရှိဘူး။ စစ်တပ်က ပစ်ခတ်တယ်ဆိုတာ အတူပါသွားတဲ့ ဆရာတော်ရဲ့ ဒါယိကာတွေဘက်ကလည်း အတည်ပြုထားပါတယ်။ မှားယွင်းပစ်တယ်ဆိုရင် ပစ်တယ်ပေါ့။ ဒီလို နစကက လိမ်လည်တာကြီးကတော့ မဖြစ်သင့်ဘူး။ ဒီလောက်ကြီးကတော့ လက်ခံလို့မရဘူး” ဟု ပဲခူးမြို့ ပဲခူးမြို့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ တပည့် စာချ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article