35 C
Yangon

နိုင်ငံတော် သံဃာမဟာနာယက ဝင်းနိမ္မတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှု အပြစ် ဝန်ခံတောင်းပန်ရန် ဒေါက်တာကောဝိဒသိရီ သီတဂူစတား မိန့်ကြားတောင်းဆို

Must read

နိုင်ငံတော် သံဃာမဟာနာယက ဝင်းနိမ္မတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှု အပြစ် ဝန်ခံတောင်းပန်ရန် ဒေါက်တာကောဝိဒသိရီ သီတဂူစတား မိန့်ကြားတောင်းဆို

ရန်ကုန်၊ ဇွန် ၂၁

နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မတာရုံ ဆရာတော်ကို စစ်ဗိုလ်၊စစ်သားများက ဝိုင်းဝန်း ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပြစ်ကို ဝန်ခံတောင်းပန်ရန် ဒေါက်တာကောဝိဒသိရီ သီတဂူစတား (sitagustar)က လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့ညပိုင်းမိန့်ကြားတောင်းဆိုလိုက်သည်။

ဇွန်လ ၁၉ ရက်နေ့ ငါန်းဇွန်မြို့နယ်အတွင်းတွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပျံလွန်တော်မူသည်အထိ ဖော ကားပေါ်မှ စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း ကားပေါ် တွင် အတူလိုက်ပါခဲ့သော မျက်မြင်သက်သေလည်းဖြစ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူလည်းဖြစ်သူ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ယမန်နေ့ တရားဝင်ရှင်းလင်း မိန့်ကြားခဲ့ပြီးနောက် ယင်းသို့ ဒေါက်တာကောဝိဒသိရီ သီတဂူစတားက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကန်သုံးဆင့်ဆရာတော်ကြီးသည် အဖြစ်အပျက်မှန်သမျှကို သံဃာထုအား ရှင်းလင်းပြောဆိုပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အပြစ်ကို ဝန်ခံရန်နှင့် တောင်းပန်ရန် လိုအပ်ကြောင်း၊ အပြစ်ကို ဝန်ခံခြင်းသည် သူတော်ကောင်းအလုပ်ဖြစ်ကြောင်း ဒေါက်တာကောဝိဒသိရီ သီတဂူစတားက ပြောဆိုထားသည်။

“ဝင်းနိမ္မိတာရုံဆရာတော်ကြီးနှင့် အတူကြွသွားတဲ့ ဆရာတော်ကြီးက အဖြစ်အပျက်မှန်သမျှကို သံဃာအား အကုန်ပြောပြသွားပါတယ်။ နားထောင်ရင်း ဝမ်းနည်း နှမျှောလို့မဆုံး ဖြစ်ရပါတယ်။ လွန်ကျူးခဲ့တဲ့ သူတွေအတွက်လည်း သနားမိပါတယ်။ သူတို့လည်း ချမ်းသာစွာ အိပ်ပျော်နိုင်ကြမယ် မထင်ပါဘူး။

အဖြစ်အမှန်ကို တာဝန်ယူလိုစိတ် သူတော်ကောင်းစိတ်လေး မွေးပြီး ဝန်ခံပြီး သံဃာအား တောင်းပန်သင့်ပါတယ်။ အဇာတသတ်တောင် ဖခင်ကို သတ်မိပြီး နောင်တရ အပြစ်ကို ဝန်ခံ တောင်းပန်ခဲ့လို့ ဗျာဒိတ်ရ ပစ္စေကဗုဒ္ဓါအလောင်း ဖြစ်သေးတာပဲ။ ပြီးတော့ အိပ်မပျော်ခဲ့တဲ့ ညတွေ အဆုံးသတ်နိုင်သွားခဲ့ပါတယ်။ ဘုရားကို လုပ်ကြံခဲ့တဲ့ အရှင်ဒေဝဒတ်ကတော့ သူရဲ့နောင်တက နောက်ကျသွားလို့ တောင်းပန်ခွင့်တောင် မရလိုက်ရှာပါဘူး။ တန်ဖိုးကြီးဆရာတော်ကြီးကို ပစ်မှားမိတာမို့ အကြံပေးခြင်းသာဖြစ်ပါတယ်။ ဆရာတော်ကြီးအား ဦးတင်ကန်တော့ပါ၏ ဘုရား” ဟု ဒေါက်တာကောဝိဒသိရီ သီတဂူစတားက မိန့်ကြားသည်။

စစ်ကောင်စီတပ်က နိုင်ငံတော် သံဃာမဟာနာယက ဝင်းနိမ္မတာရုံ ဆရာတော်ကို PDF များက ပစ်ခတ် သတ်ဖြတ်ကြောင်း ယာဉ်မောင်းဖြစ်သူကို အတင်းအကျပ် ဖိအားပေး၍ လိမ်လည် ထွက်ဆိုစေခဲ့သော် လည်း မျက်မြင်သက်သေလည်းဖြစ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူလည်းဖြစ်သူ ကန်သုံးဆင့် ဆရာတော်ကြီး ကမူ ဝင်းနိမ္မတာရုံ ဆရာတော်ကို စစ်ဗိုလ်နှင့်စစ်သားများက ပစ်သတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် စစ်ကောင်စီ အရှက်ကွဲသွားခဲ့ရသည်။

သို့သော်လည်း ယခုအချိန်အထိ စစ်တပ်က ဝန်ခံခြင်းမရှိသေးဘဲ အမှန်အတိုင်းထွက်ဆိုသည့် ကန်သုံးဆင့် ဆရာတော်ကြီးကို တစ်စုံတစ်ရာ လုပ်ကြံ အရေးယူ ဖမ်းဆီးမည်ကို သံဃာထုနှင့် ရဟန်းရှင်လူ ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒေါက်တာကောဝိဒသိရီ သီတဂူစတား (sitagustar) ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article