ရန်ကုန်၊ ဇွန် ၂၁
ပြင်သစ်နိုင်ငံ၊ ပါရီမြိုရှိ စစ်ကောင်စီ မြန်မာသံရုံးတွင် တာဝန်ထမ်းထမ်းဆောင်နေသော သံရုံးဝန်ထမ်းစာရေးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ပြည်သူများကို သတ်ဖြတ်မှုကို လက်မခံနိုင်၍ CDM ဝင်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်သည်။
ဇွန်လ ၂၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံရာဆိုင်ရာ စစ်ကောင်စီ၏မြန်မာသံရုံးမှ သံရုံးဝန်ထမ်းဒေါ်ဌေးဌေးဝင်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ပတာဝန်ကျရာ နေရာများတွင်လည်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာ ဝန် ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျကိရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် CDM ဝင်ကြောင်း ကြေညာသည်။
CDM ဝင်လာသည့် ပြင်သစ်နိုင်ငံ စစ်ကာင်စီမြန်မာသံရုံးမှ သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်းက အခြား CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင်အတူ ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedience Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင်ပါဝင်လာမှုသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်၍ မြန်မာနိုင်ငံသားတစ်ယောက်၏ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ လက်ရှိရာထူးမှ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်း အသိ ပေး ကြေညာထားသည်။
ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိကြောင်း၊ ယခုဆုံးဖြတ်ချက်သည် မိမိ၏ သဘောဆန္ဒအလျောက်သာ ပြုလုပ်ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်များ၏ တိုက်တွန်းအားပေးချက်လုံးဝ မပါရှိပါကြောင်းနှင့် ကျွန်မ၏ မိသားစုများ၊ မိတ်ဆွေအသိုင်းအဝန်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း CDM သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်းက ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar