29 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို စစ်ကောင်စီက ပျောက်ဆုံးစာရင်း သွင်းပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေကို လစာမပေးတော့တဲ့အပြင် လိုင်းခန်းကနေပါ ဖယ်ခိုင်းနေပြီလို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပြင်သစ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံးက သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်း ဆိုသူဟာ စစ်အာဏာသိမ်းမှု နဲ့ ပြည်သူတွေကို စစ်တပ်က မတရား သတ်ဖြတ်မှုတွေကို လက်မခံနိုင်တဲ့အတွက် CDM ဝင်လိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ကနေတဆင့် ကြေညာလိုက်ပါတယ်။
  • မြန်မာနိုင်ငံမှာ Facebook နဲ့ VPN ပိတ်ဆို့ရေး ကို လုပ်နေတဲ့ စစ်ကောင်စီရဲ့ စီမံချက်မှာ Mascots Group ကုမ္ပဏီ အုပ်စုက ဝင်းကျော်၊ ခင်ကေခိုင် ဆိုသူတို့က အဓိက ပါဝင်ပတ်သက်နေပြီး၊ Mascots Group က Facebook ကို အစားထိုးဖို့ Myspace Application ကိုပါ ရေးဆွဲခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article