27 C
Yangon

ဖားကန့်နှင့်မိုးညှင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်း ၅ ခုကို KIA က ဝင်ရောက်တိုက်ခိုက်နေပြီး လမ်းများပိတ်နေ

Must read

ဖားကန့်နှင့်မိုးညှင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်း ၅ ခုကို KIA က ဝင်ရောက်တိုက်ခိုက်နေပြီး လမ်းများပိတ်နေ

ရန်ကုန်၊ ဇွန် ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်စခန်းတို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ အချိန်မှစတင်ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်၊ ဝှေခါ -အင်းတော်ကြီး လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ ဝေလုံ စခန်း၊ ညောင်ပင်စစ်ကောင်စီတပ်စခန်း၊ ချောင်းဝစစ်ကောင်စီတပ်စခန်း နှင့် ကာကင်း စခန်း ၂ခု စုစုပေါင်း ၅ ခု ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များ အသုံးပြု၍ စစ်ကူ ပေး လေကြောင်းတိုက်ခိုက်နေကြောင်း သိရှိရသည်။

” မြစ်ကြီးနားက လေယာဉ်တွေလည်း တောက်လျှောက်တက်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ ဝှေခါ-အင်းတော်ကြီး လမ်းလည်း ပိတ်ထားရတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့။ မနက် ၅ နာရီကတည်းကဖြစ်နေတာ။ အခုထက်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မိုးညှင်းမြိုနယ်၊အင်းတော်ကြီးဒေသ၊ချောင်းဝကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းကို KIA/PDF အဖွဲများက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ရာတွင် ပြည်သူ့စစ်များ အထိနာနေကြောင်း၊ ပြည်သူ့စစ်များက စစ်တပ်သို့ စစ်ကူတောင်းသော်လည်း စစ်ကူ ရောက်ရှိလာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဟန်ရေးပြမှုရှိကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ စ ခန်း ကြီး၊ စခန်းငယ် စုစုပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article