ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်း -ကားဘိုးလမ်းပေါ်တွင် ခရီးသွားပြည်သူများထံမှ ဆက် ကြေးကောက်နေသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ပကဖ အသံက ထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ ကာဘိုးပျူရွာစခန်းမှ စစ် သား၊ ပျူ အင်အား ၂၂ ဦး သည် ကားဘိုး – ကျီကုန်း လမ်းပေါ်သို့ တက်ကာ ခရီးသွားပြည်သူများ ကို ဆက်ကြေးကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ပျူ ၅ ဦး သေဆုံးကာ ၈ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်သား၊ ပျူများ အသုံးပြုသော G3 အမျိုးအ စားသေနတ် ၁ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ အိုက်ကွန် ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ကာဘိုးပျူစခန်းနှင့် မီတာ ၂၀၀ ခန့် သာကွာဝေးသဖြင့် လက်နက်ခဲယမ်းများ အကုန်ကောက်ယူနိုင် ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ကာဘိုးတိုက်နယ် ပကဖ၊ ဇီးကုန်း တိုက်နယ် ပကဖ နှင့် စစ်ကိုင်းတိုင်း ပကဖ တပ်ရင်း ၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး စလုံးနေရာမှာပင်သေဆုံးသွားကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီ ဝန်းကျင်က ဟားခါးမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာ စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ဦးကို CDF – Hakha တပ်ဖွဲ့ဝင်များက ပြည်တော်ရပ်ကွက်၊ ဂန့်ဂေါ လမ်းမပေါ် ကုန်းမြင့်လယ်ယာရုံးအနီးရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး စလုံးသေဆုံးသွားပြီး ရုပ် အလောင်းများကို ဟားခါးဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ဟားခါးမြို့ အဝင်အထွက် လမ်း များကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။




