27 C
Yangon

ထီးလင်း၊ ရွှေအောင်သာစခန်းမှ စစ်သားများ ကိုယ့်စခန်းကို မီးပြန်ရှို့၍ ထီလင်းမြို့ပေါ်ကို စွန့်ခွာထွက်ပြေး၊ ယောဒေသရှိ မြို့ ၃ မြို့တွင် စစ်တပ်က လက်နက်ခဲယမ်းနှင့် လူအင်အားဖြည့်တင်းနေပြီး ခံစစ်ပြင်နေ

Must read

ထီးလင်း၊ ရွှေအောင်သာစခန်းမှ စစ်သားများ ကိုယ့်စခန်းကို မီးပြန်ရှို့၍ ထီလင်းမြို့ပေါ်ကို စွန့်ခွာထွက်ပြေး၊ ယောဒေသရှိ မြို့ ၃ မြို့တွင် စစ်တပ်က လက်နက်ခဲယမ်းနှင့် လူအင်အားဖြည့်တင်းနေပြီး ခံစစ်ပြင်နေ

ရန်ကုန် ၊ ဇွန် ၂၂

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာအထိုင်တပ်စခန်းမှ အကြမ်းဖက် စစ်သားများ ကိုယ့်စခန်းကို မီးပြန်ရှို့၍ ထီလင်းမြို့ပေါ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၅ ရက်နေ့က ထီးလင်းမြို့ ရွှေထီးခန်းမမှ အကြမ်းဖက်စစ်သားများသည် အင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသော ရွှေအောင်သာစခန်း သို့ စစ်ကြောင်းထိုးပြီး စခန်းအတွင်းရှိ ပစ္စည်းများသယ်ယူခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၁၉ ရက်နေ့တွင် နောက်ထပ် တစ်ကြိမ် ထပ်မံ ရောက်ရှိလာပြီး ရွှေအောင်သာ စခန်း ကို မီးရှို့ဖျက်ဆီးကာ စခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများအားလုံးကို ခေါ်ဆောင်သွားကာ ထီလင်းမြို့ပေါ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ထီးလင်းမြိုပေါ်တွင် ဘန်ကာများ တိုးချဲ့ဆောက်လုပ်နေပြီး Y12 လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် လက်နက်ခဲယမ်းများ အကြိမ်ကြိမ် ပို့ဆောင်ဖြည့်တင်းထား ကြောင်း သိရသည်။

“အဓိကကတော့ ဂန့်ဂေါ၊ ထီးလင်းနဲ့ကျောက်ထုပေါ့၊ သူတို့ လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ လူ အင်အားတွေဖြည့်တင်းတယ်။ ဒရုန်းဗုံးသီးဒဏ်ခံနိုင်တဲ့ဘန်ကာ အသစ်တွေဆောက်ကြတယ်။ အကြီး အကျယ် ခံစစ်ပြင်နေကြတယ်။ ပြီးတော့ ကျောက်ထုလေယာဥ်ကွင်းကိုလဲ ပြုပြင်မွမ်းမံနေတယ်လို ကြားတယ်။ ကျောက်ထုလေယာဥ်ကွင်းကိုသုံးနိုင်ရင် ရခိုင်၊ချင်းနဲ့ယောဒေသမှာ လေကြောင်းတိုက် ခိုက်မှု အလွယ်လေးလုပ်လိုရအောင်ပေါ့ “ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယခုဇွန်လ အတွင်း ဂန့်ဂေါခရိုင် ယောဒေသရှိ ဂန့်ဂေါမြို့၊ ထီးလင်းမြို့၊ ဆောမြို့တို့တွင် အကြမ်းဖက် စစ်ကောင်စီက လေ ကြောင်းဖြင့် စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီးမြို့တွင်း၌လည်း ဒရုန်းဗုံးသီး ဒဏ်ခံနိုင်သည့် ဘန်ကာများ မဖြစ်မနေတည်ဆောက်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ဂန့်ဂေါခရိုင်၊ ယောဒေသသည် ဂန့်ဂေါမြိုနယ်၊ ထီးလင်းမြိုနယ်၊ ဆောမြိုနယ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဂန့်ဂေါမြို့ ၊ ကျောမြို့၊ ထီးလင်းမြို့၊ ကျောက်ထုမြို့၊ ဆောမြို့တို့ပါဝင်ကြောင်း၊ ယင်းမြို့ ၅ မြို့ ပေါ်တွင်သာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားပြီး ကျန်ကျေးရွာ၊ နယ်မြေများတွင် ဒေသတော် လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် ဂန့်ဂေါမြို့နယ်တွင် ဂန့်ဂေါမြို့ပေါ်တွင် ခလရ ၅၀ တပ်ရင်း၊ အမြောက် တပ်၊ မြောက်ခင်ရမ်းကျေးရွာတွင် လက်နက်ကြီးအထိုင်စခန်းနှင့် အနီးအနားပျူစောထီးကျေးရွာ ၁၀ ရွာ ခန့်သာ စိုးမိုးထားနိုင်ပြီး ကျောမြို့အနီးရှိ ကပစ ၂၃ တပ်ရင်းတို့သာ ကျန်ရှိတော့ကြောင်း သိရ သည်။

ထီးလင်းမြို့နယ်အတွင်းတွင် ထီးလင်းမြို့နှင့် ကပစ ၂၃ ၏ ကာကင်းဖြစ်သော ရေမျက်နီရဲစခန်း တစ်ခု သာကျန်ရှိတော့ပြီး အဆိုပါ ရေမျက်နီရဲစခန်းကိုလည်း ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ရခိုင့်တပ်တော် – AA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၈၀ ရာခိုင်နှုန်း အ ထိ သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူအဆမတန်သုံးခြင်း မြေပြင်စစ်ကူစစ်ကြောင်း ကို ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိမှုကြောင့် စခန်းသိမ်းတိုက်ပွဲ ၆ ရက်အကြာတွင် တပ်ပေါင်းစုများ ပြန် လည်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။

ဆောမြို့နယ်တွင် ဆောမြို့ပေါ်အထိုင်တပ်စခန်း၊ ကျောက်ထုအမြောက်တပ်နှင့် လောင်းရှည်ဒေသရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) ၂၄ တိုတည်ရှိပြီး လက်ရှိအချိန်တွင် ကျောက်ထုအ မြောက်တပ်သို့ လေကြောင်းဖြင့် လက်နက်ခဲယမ်း ၊ လူအင်အား ပိုဆောင်ခြင်းများ အကြိမ်ကြိမ် အခါ ခါ ပြုလုပ်ကာ မြို့ပေါ်တွင် ခံစစ်အကြီး အကျယ်ပြင်ဆင်လျက်ရှိကြောင်း၊ ကျောက်ထုလေယာဥ်ကွင်း ကိုလည်း ပြုပြင်မွမ်းမံလျက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article