27 C
Yangon

KIA က ညောင်ပင်စခန်း၊ ဝှေ့လုံစခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

KIA က ညောင်ပင်စခန်း၊ ဝှေ့လုံစခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ပင်စခန်း၊ ဝှေ့လုံတို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ယနေ့ သိမ်းပိုက်လိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားကား လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့တ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ ညောင်ပင်စခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဝှေ့လုံစခန်းတွင် ခမရ-၁၁၁(၀န်းသို)မှ ဗိုလ်မှူး ဗညားစံ ဦးစီးသောအင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသောစခန်းဖြစ်ကြောင်း သိရှိရသည်။

“ညနေ ၆ နာရီ ၄၅ မိနစ်မှာ ဝှေလုံစခန်းကို သိမ်းတယ်။ ည ၈ နာရီ ၄၀ မိနစ်မှာ ညောင်ပင်တပ်စခန်းကို ထပ်သိမ်းလိုက်တာပေါ့။ လ​က်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိထားတယ်။ စစ်ခွေး သေတာတွေလည်းများတယ်လို့ အကြမ်းဖျဉ်း သိထားတယ်။ စစ်သားတွေ ထွက်ပြေးတာလည်းများတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA တပ်စွဲထားသော ဝှေ့လုံ စစ်စခန်းသည် စစ်ကောင်စီတပ်အင်အား ၄၀ ဝန်း ကျင် တပ်စွဲထားသော စခန်းဖြစ်ပြီး ညောင်ပင်စခန်းမှာလည်း စစ်အင်အား ၅၀ အထက်တပ်စွဲထားသော စခန်းကြီးများဖြစ်ကြောင်း သိရှိရသည်။

“ညောင်ပင်စခန်းကလည်း စခန်းကြီးထဲမှာပါတယ်။ ဝှေ့လုံစခန်းကလည်း စခန်းကြီးစာရင်းဝင်ပဲ။ နှစ်ခုစလုံးကတော့ အရေးပါတဲ့ စခန်းတွေပါပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် KIA တပ်များက ချောင်း၀ တပ်စခန်းကို အရှိန်အဟုန်မြှင့် ဆက်လက် ထိုးစစ်ဆင်နေကြောင်း၊ စစ်တပ်ဘက်ကလည်း ခုခံနေဆဲဖြစ်နေကြောင်း သိရှိရသည်။

Photo – 7stars News ၊ KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article