27 C
Yangon

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ စစ်ကောင်စီ၏ ချောင်း၀ တပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

Must read

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ စစ်ကောင်စီ၏ ချောင်း၀ တပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ် စစ်ကောင်စီ၏ ချောင်း၀ တပ်စခန်းကို KIA ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ် ကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ ချောင်း၀ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေများကိုလည်း မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ ညောင်ပင်စခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဝှေ့လုံစခန်းတွင် ခမရ-၁၁၁(၀န်းသို)မှ ဗိုလ်မှူး ဗညားစံ ဦးစီးသောအင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသောစခန်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article