28 C
Yangon

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း စဉ့်ကူးမြို့နယ် ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ ဆေးပေးခန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် မြသီတာရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ မြကန်သာရွာနှင့် မြသီတာရွာ မှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့ညက မထင်မှတ်တဲ့ အချိန် လက်နက်ကြီးနဲ့ထုတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတာ ပြည်သူတွေ အခုချိန်ထိ ရွာအတွင်းမဝင်ရဲကြဘူး။ ပျူခွေး ခေါင်းဆောင် ညွန့်ဝေက ထုခိုင်းတာလို့ ပြောတာပဲ တိုက်ပွဲမရှိဘူး။ စစ်ခွေးတွေတော့ စစ်ကြောင်း ထိုးဖို့အနေအထားမရှိသေးဘူး။ အဝေးကနေပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပဲ လုပ်နေတာ” ဟု စဉ့်ကူးမြို့နယ် ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article