25 C
Yangon

ကျောက်မဲနှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားမှု ၁၀၂၇ စစ်ဆင်ရေး အဆက်ဟု TNLA က တရားဝင် ကြေညာ

Must read

မိုးကုတ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး ရှမ်းမြောက်ရှိ တံတား ၂ စင်း မိုင်းခွဲမှုကြောင့် ကျိုးကျ

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ပြီး သတင်းထုတ်ပြန်ရာတွင် ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် TNLA က တရားဝင် ကြေညာသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံး ၄ ကျဲချခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့ နယ် ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လတ်တလော မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်မှုဖြစ်နေပြီး မိုးကုတ်-မိုးမိတ် လမ်းကြောင်းရှိ သရက်ချောင်းတံတားမှာ မိုင်းခွဲခံရပြီး ကျိုးကျသွားကြောင်း သိရှိရသည်။

ထို့အတူ လားရှိး-သီပေါအကြားဆွတ်လန်းရွာ တံတားဖြူတံတားမှာလည်း မိုင်းခွဲခံရကြောင်း၊ ကျောက်မဲ-သီပေါကြား ကျင်သီတံတား ပိတ်ထားရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article