26 C
Yangon

မန္တလေး-မိုးကုတ်နှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းကို ည ၇ နာရီ မှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားခြင်းမပြုရန် ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့ အသိပေး

Must read

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း၊ မန္တလေး-မိုးကုတ်နှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန် ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့မှစ၍ မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို အသုံးပြုလျက် သွားလာနေကြသည့် ပြည်သူများအနေဖြင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန်၊ သတ်မှတ်ချိန်အတွင်း ခရီးသွားလာပါက ကားမှန်များ ချ၍ မောင်းနှင် ပေးကြပါရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်များနှင့် အနီးကပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်နှင့် လမ်းခရီးတွင် တိုက်ပွဲဖြစ်သံ ကြားပါက ဘေးကင်းရာနေရာ ယာဉ်များ ရပ်နားထားကြရန် အသိပေးထားသည်။

ယခုထုတ်ပြန်ထားသည့် ဒေသန္တရဆိုင်ရာ တားမြစ်ထုတ်ပြန်ချက်များကို လေးစားလိုက်နာ ပေးကြရန်နှင့် ထုတ်ပြန်ချက်များ အားမလိုက်နာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူ ဖြေရှင်းပေးသွားမည်မဟုတ်ပါကြောင်းနှင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည့် အချိန်ကိုလည်း အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားပါမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့က အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article