30 C
Yangon

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၆

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်၊ စစ်တပ် ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ဆိုင်းတောင်ကျေးရွာအတွင်းသို့ ကျရောက်ပြီး ပြည်သူ ၁ ဦး သေဆုံးကြောင်း၊ အခြား ပြည်သူ ၁၀ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဖားကန့်စစ်တပ် ဗျုဟာကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်းကနေ လက်နက်ကြီး ၁၀ ချက်ကျော် ပစ်တာ။ ဆိုင်းတောင်ရွာ စိန်မြသုခ ဘုန်းကြီးကျောင်း အနောက်ဘက် ကို လက်နက်ကြီး တစ်လုံးကျရောက်ပြီးတော့ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရတယ်။ အားမာန်သစ် လျပ်စစ်ပစည်းပြုပြင်ရေးဆိုင် အတွင်း လက်နက်ကြီးတစ်လုံးကျရောက်တယ်။ ရှမ်းကုန်းစျေးအနီး နေအိမ်ပေါ် လက်နက်​ကြီးတစ်လုံးကျတယ်။ စုစုပေါင်း ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဖားကန့်မြို့မှ ဆိုင်းတောင်ရွာ ဘက်သို့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီတွင် စစ်ကြောင်းတစ်ခု ၊ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် စစ်ကြောင်းတစ်ခု ၊ဇွန်လ ၂၆ နံနက် ၁၀ နာရီခွဲ ခန့်တွင် စစ်ကြောင်းတစ်ခု စုစုပေါင်း စစ်တပ်စစ်ကြောင်း ၃ ခုတွင် အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက် ခိုက်လျက်ရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများကို ပစ်မှတ်ထားကာ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article