30 C
Yangon

ထိုင်းနိုင်ငံ၊ ပါက်ထော့မြို့နယ်တွင် ကားတိမ်းမှောက်မှုဖြစ်ပွားပြီး ၍ မြန်မာရွှေ့ပြောင်း လုပ်သား ၂ ဦး အပါဝင် ၃ ဦး သေဆုံး

Must read

ထိုင်းနိုင်ငံ၊ ပါက်ထော့မြို့နယ်တွင် ကားတိမ်းမှောက်မှုဖြစ်ပွားပြီး ၍ မြန်မာရွှေ့ပြောင်း လုပ်သား ၂ ဦး အပါဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၆

ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာတွင် ယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ရေခဲပို့နေသည့် ကားသည် ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဘုန်းကြီးကျောင်းအရှေ့ရှိ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါလာသူ ၃ ဦးလုံး အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှူကြီး နလုဒုံ မာလစီက ထိုင်းသတင်းဌာနများကို ပြောဆိုထားသည်။

“ဒီကားက မူယန်င်မြို့နယ်၊ ဟွေဖိုင်ကျေးရွာက ဈေးဆိုင်တွေကို ရေခဲသွားပို့တဲ့ကားလို့ သိရပါတယ်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းကို ကြည့်တဲ့ အခါ ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ ၃ ဦးစလုံး၏ ရုပ်အလောင်းများကို ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအဖွဲ့မှ ပါက်ထော့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သားနှင့်ပတ်သက်ပြီး အမည်၊ အသက်၊ ဇာတိနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်နေရာ စသဖြင့် အသေးစိတ်အချက်အလက်များအား ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article