27.4 C
Yangon

နောင်ချိုမြို့နယ်ရှိ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော ခမရ ၁၁၄ တပ်ရင်းနှင့် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော ခမရ ၁၁၄ တပ်ရင်းနှင့် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီမှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ်ရင်းနှင့် ခမရ ၁၁၄ ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရပ်စောက်အထွက်လမ်းပေါ်က ဒုံးတပ် ၆၀၆နဲ့ ၁၁၄ ကိုဝင်လုံးနေပါတယ်။ မနက် ၅ နာရီမှာစပြီး တိုက်ပွဲဖြစ်တာ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ တပ်ရင်း ၊ နောင်ချိုမြို့နယ် ရဲစခန်း၊ ကံ့ ကော် တပ်စခန်း၊ ခဲမွန်စစ်တပ်စခန်း၊ ကျောက်ကြမ်းတပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူ တာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ယမန်နေ့ညမှ ယနေ့ နံနက်ပိုင်းအထိ မိုးများ ရွာသွန်းနေခြင်းနှင့် တိမ်ထူထပ်နေခြင်း အပါအဝင် ရာသီဥတုဆိုးဝါးနေခြင်း တို့ကြောင့် စစ်ကောင်စီလေတပ်က လာရောက် စစ်ကူပေးရန် အလွန်ခက်ခဲနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တော်လှန်ရေးရဲဘော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တော်လှန်ရေးရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article