27 C
Yangon

တရုတ်တွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ထုတ်ပြန်မှု နှစ် ၇၀ ပြည့် အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြား

Must read

ရန်ကုန်၊ ဇွန် ၂၇

တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြားကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ အငြိမ်းစား သမ္မတ သိန်းစိန်သည် တရုတ်နိုင်ငံသို့ နေပြည် တော် လေဆိပ်မှတစ်ဆင့် မြန်မာစစ်လေယာဉ်ဖြင့် သွား ရောက်ကြောင်း ရန်ကုန်တရုတ်သံရုံးက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၆ ရက်နေ့ သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်တွင် သမ္မ တ ဟောင်း သိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတက်ရောက်မည့် သမ္မတဟောင်း သိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် တရုတ်သံအမတ်ကြီးက ပို့ ဆောင်နှုတ်ဆက်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်း အမှတ် အခမ်းအနား သို့ သမ္မတဟောင်း သိန်းစိန်နှင့်အတူ မြန်မာ နိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမ ဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း အတူတကွလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

သမ္မတဟောင်း သိန်းစိန်ကို နေပြည်တော် လေဆိပ်တွင် စစ်ကောင်စီ ဒုဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်စစ်ကောင်စီအဖွဲ့ဝင်များက ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article