27 C
Yangon

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ၄ ရက်မြောက်နေ့တွင် မြို့နယ် ၅ ခု၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ခမရ ၆၀၆ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး TNLA က အပြင်းအထန် ထိုးစစ်ဆင်နေ

Must read

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ၄ ရက်မြောက်နေ့တွင် မြို့နယ် ၅ ခု၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ခမရ ၆၀၆ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး TNLA က အပြင်းအထန် ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဇွန် ၂၈

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ၄ ရက်မြောက်နေ့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ခမရ ၆၀၆ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း TNLA က ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ ည‌နေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ် ဂုတ်တွင်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်၏ စကခ ၁ ၊ ခမရ ၁၁၄ တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင် တအာင်းတပ်မတော်က သိမ်းပိုက်ထားသည့် နောင်ချိုမြို့ရှိ ခမရ ၁၁၅ တပ်စခန်းမှ လက်နက်ခဲယမ်း မျိုးစုံကိုပါ သိမ်းဆည်း ရမိထားပြီး နောင်ချိုမြို့တွင် စစ်ကောင်စီ၏ ခမရ ၆၀၆ တပ်စခန်းတစ်ခုသာ ကျန်ရှိပြီး အဆိုပါ စခန်းကို တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်ထိ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး နံနက် ၆ နာရီ ၅ မိနစ်မှ ၆ နာရီ ၂၅ မိနစ်အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် တအာင်းတပ်မတော် TNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲများက နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၅၄ မိနစ်ခန့်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်စခန်းကို တအာင်းတပ်မတော် TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်မဲမြိုနယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၇ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article