26.9 C
Yangon

NUG ဝန်ကြီး မြန်မာနိုင်ငံအရေး စိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် Congressional Burma Caucus အခမ်းအနားတက်ရောက်

Must read

NUG ဝန်ကြီး မြန်မာနိုင်ငံအရေး စိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် Congressional Burma Caucus အခမ်းအနားတက်ရောက်

ရန်ကုန်၊ ဇွန် ၂၈

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော်အမတ်များ၏ Congressional Burma Caucus အဖွဲ့ တရားဝင်စတင်သည့် အခမ်းအနားကို NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Congressional Burma Caucus အဖွဲ့သည် မြန်မာနိုင်ငံအရေးကို အမေရိကန် အထက် လွှတ်တော်နှင့် အောက်လွှတ်တော်ကြားတွင် ပိုမိုသိရှိပြီး မြန်မာပြည်သူများအတွက် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများဖြစ်ပေါ်စေရေး၊ အမေရိကန်အစိုးရ၏ ပေါ်လစီများပေါ်ထွက်လာနိုင်ရေးအတွက် တိုက်တွန်းအားပေးရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း Burma Caucus ၏ ပူးတွဲဥက္ကဋ္ဌ၊ အမေရိကန်နိုင်ငံ မီရှီကန်ပြည်နယ် ကိုယ်စားပြု၊ အောက်လွှတ်တော်အမတ် Bill Huizenga တို့ကပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် NUG ပြည်ထောင်စုဝန်ကြီးက Caucus တွင် ပါတီစုံ၊ လွှတ်တော်အမတ်များပါဝင်ခြင်းကြောင့် မြန်မာနိုင်ငံရေးကို မြန်မာနိုင်ငံပြည်သူတွေ အတွက် အကျိုးရှိသည့် ပေါ်လစီဖြစ်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် Caucus အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ အမေရိကန် အစိုးရအနေဖြင့် ပိုမိုအားကောင်းသည့် ပေါ်လစီများ ချမှတ်ကူညီဆောင်ရွက်နိုင်ရေးအတွက် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

Burma Caucus ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ Bill Huzinga ကလည်း Bringing Real Accountability Via Enforcement In Burma (BRAVE Burma Act) ကို အမြန်ဆုံးချမှတ်နိုင်စေရေးအတွက် ကြိုးစားနေမှုများနှင့် အဆိုပါဥပဒေကြမ်းတွင် အမေရိကန်အစိုးရက မြန်မာစစ်တပ် အပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပိုမိုထိရောက်စေရေး အတွက် ကြပ်မတ်ပေးမည့် အချက်များပါဝင်ကြောင်း၊ အဆိုပါ ဥပဒေအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ထိခိုက်စေရန်၊ သေကြေ ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးပေးနေသည့် စီးပွါးရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကိုလည်း အမေရိကန်သမ္မတ မှ တစ်ဆင့် ဘဏ္ဍာရေး၊ စီပွားရေး ပိတ်ဆို့အရေးယူပေးနိုင်ရေးအတွက်တင်ပြချက်များပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကနေဒါ ပါလီမန်၊ မြန်မာ့ဒီမိုကရေစီ မိတ်ဆွေများအဖွဲ့ ၏ ပူးတွဲဥက္ကဋ္ဌ ၊ လွှတ်တော်ကိုယ်စားလှယ် MP Mr. Garnett Genius ကလည်း ပါဝင်တက်ရောက်၍ ကနေဒါ ပါလီမန်အနေနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည့် အကြောင်းကတိပြုပြောကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article