27 C
Yangon

မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

Must read

မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာ -ချောင်းဦး လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်၏ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် မုံရွာမြို့ဘက်မှ ထွက်လာသော ကြေးနီတင် တွဲကား အစီးရေ ၃၀ ကို မုံရွာ -ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲရန် စောင့်ဆိုင်းနေစဉ် ခရီးသွား ပြည်သူများ၏ ကားများဖြင့် ရောထွေးနေသောကြောင့် ဖောက်ခွဲမှု မပြုလုပ်ခဲ့ဘဲ နောက်ဆုံးကား ၁ စီးကို မိုင်း ၁ လုံးဖြင့်‌ ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အစီး ၃၀ ကြီးဗျာ၊ တစ်စီးပဲ ရတယ်။ လိုင်းကားတွေ၊ အိမ်စီးကားတွေနဲ့ ရှုတ်နေတော့ ဆွဲမရဘူးဖြစ် နေတာ။ ခရီးသွားပြည်သူတွေကားတွေ လွတ်သွားတဲ့ နောက်ဆုံးကားတစ်စီးပဲ ရှယ်ဆွဲခဲ့နိုင်တာ။ ကင်းပုန်းစခတွေနဲ့ လည်းအပြန်အလှန် ဆော်ခဲ့ကြသေးတယ်။ ၄၀ မမ တွေနဲ့ ထုလို့ ပြန်ဆုတ်လာခဲ့ရ တာ” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်အင်အား မလုံ လောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများကို ခင်မွန်ဘက်စုံခြံအတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article