25.4 C
Yangon

ဝက်လက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခုအထိ ရှိလာ

Must read

ဝက်လက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခုအထိ ရှိလာ

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ သံဃာတော်များက ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံ ဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့မှ သံဃာ တော်များ ပူးပေါင်းခဲ့ကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် မုံရွာမြို့နယ်နှင့် မြိုင်မြို့နယ်တို့မှ သံဃာတော်များပါ ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ်မှ သံဃာတော်များကပါပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာ တော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article