25.4 C
Yangon

ကျွန်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက် မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်းပိုက်ရရှိ၊ PDF ၂ ဦးကျဆုံး

Must read

ကျွန်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက် မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်းပိုက်ရရှိ၊ PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် တပ်စွဲရန် ပြင်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်း ပိုက်ရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိသော ခမရ-၃၆၁နှင့် ပျူစောထီး ပူး​ပေါင်းစစ်ကြောင်းက တပ်ဖြန့်အ‌ခြေပြုတပ်စွဲရန် ပြင်ဆင်နေသည့် အင်တိုင်းရွာနှင့် ကျောက်ပုံကုန်း ​နေရာ ၂ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်​​သေဆုံးမှုများ၍ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် ၈ လက် သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးတပ်ဘက်မှလည်း ရဲဘော် ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို ကန့်ဘလူခရိုင် ကွပ်ကဲ​ရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂ ၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ ၊ ဗျူဟာ-၅၂ ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article