27 C
Yangon

ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းအပါအဝင် တိုက်ပွဲများအကြား ပြည်သူ ၁၆ ဦးသေဆုံး

Must read

ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းအပါအဝင် တိုက်ပွဲများအကြား ပြည်သူ ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အပြန်အလှန် ပစ်ခတ်ခြင်းတို့ကြောင့် ကျည်ထိမှန် သေဆုံးသွားသော ပြည်သူ ၁၆ ၏ အလောင်းများကို ကောက်ယူသဂြိုလ်ရကြောင်း နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများအတွင်း ထိမှန်သေဆုံးသွားသော ပြည်သူ ရုပ်အလောင်း ၁၆ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲ အသင်းခွဲမှ သွားရောက်ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ ကြောင်း သိရသည်။

“ပြည်သူတွေပါပဲ၊ အိမ်တွေထဲမှာပဲ ဆုံးတာများတယ်၊ လက်နက်ကြီးထိတာ၊ ပစ်ကြ ခတ်ကြဆိုတော့ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး၊ လေယာဉ်နဲ့လည်း ဗုံးကျဲနေတာကလည်းရှိတယ်၊ တစ်နေကုန်ပဲ၊ တိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ အလုပ်လုပ် ရတာက အချိန်နဲ့လုပ်ရတာဆိုတော့ နာမည်တွေဘာတွေမမေးနိုင်ဘူး။ တစ်ခါတည်းသွား၊ တစ်ခါ တည်းပြေး၊ တစ်ခါတည်းချ၊ ပစ်ခတ်သံ၊ ဗုံးကျဲသံကြားရင် ပြန်ငြိမ်နေ၊ အသံမကြားမှ နည်းနည်းလေး ပြန်ထွက်အဲလိုလုပ်နေရတာ။ အဲလိုမျိုးပဲ လုပ်နိုင်မှ အဆင်မပြေမှာ၊ ဒီအတိုင်းထားရင်လည်း ဒီအနံ့ ကြီးက အရမ်းဆိုးသွားမှာ။ မနေ့ ညနေ ၅ နာရီမှာလည်း မိသားစုလိုက် ၅ ဦးနဲ့ အမှတ် ၆ ရပ်ကွက်ထဲမှာ တစ်လောင်းစုစုပေါင်း မနေ့က ၁၆ လောင်း သဂြိုလ်ရတယ် ” ဟု နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခန့်ကလည်း ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုတ်ကျင်းနယ် မြေ ၅ တွင် နေအိမ်ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအကြားတွင် ကျည်ထိမှန်သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူး ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ အတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်း ၂၃ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ အဖွဲ့သားများက ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့သေးသည်။

“ဇွန်လ ၂၇ ရက်နေ့ ကောက်ယူခဲ့တဲ့အလောင်းတွေကတော့ စစ်သားရော၊ ပြည်သူရော အစုံပါမယ်ထင်တယ်။ တိုက်ပွဲဖြစ်တာဆိုတော့ တဖက်နဲ့တဖက်က ပစ်ခတ်တာတွေရှိတော့ ပါတယ်လို့တော့ ယူဆလို့ရ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလောင်းတွေကလည်း ပုပ်ပွနေတာရယ်၊ လမ်းမတွေပေါ်မှာရယ်၊ ချုံထဲသေတာတွေရယ်များတာကိုး၊” ဟု နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article