31 C
Yangon

သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး

Must read

သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင် တို့ပါဝင်သော မိုးရာသီ လမ်းဘေးသစ် ပင်စိုက် ပျိုးပွဲကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စေခိုင်းမှုကြောင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ် အပိုင် ဇီးကုန်းကျေးရွာအနီးတွင်စစ်တပ်၊ရဲ၊ထွေအုပ်၊စည်ပင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လမ်းဘေး သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လမ်းဘေးသစ်စိုက်ပျိုးပွဲကို အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးမှာ ကား ၈ စီးနဲ့ လမ်းဘေးဝဲယာ ဟန်ပြသစ်ပင်စိုက်ဖို့ လုပ်နေတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကို အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။

မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ကားများဖြင့် သဲကုန်းမြို့နယ်ဘက်သို့သယ်ဆောင်၍ သဲကုန်းမြို့နယ်မှတစ်ဆင့် ရွှေတောင်မြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းခွဲမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdomအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကို ပြင်း ပြင်း ထန်ထန်အရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့်နီးစပ်ရာနေရာများကို ရှောင်တိမ်းသွာလာကြပါရန် တော်လှန်ရေးတပ်က သတိပေးချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော​ နေပြည်တော်သစ်ပစ်စိုက်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article