26 C
Yangon

အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းမှ CDM ဝန်ထမ်း ၁၀၆ ဦး ချေးယူခဲ့သည့် လစာ ၂ ဆ ချေးငွေ သိန်း ၄၀၀ နီးပါးကို Non CDM များက စိုက်ထုတ်ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြား

Must read

အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းမှ CDM ဝန်ထမ်း ၁၀၆ ဦး ချေးယူခဲ့သည့် လစာ ၂ ဆ ချေးငွေ သိန်း ၄၀၀ နီးပါးကို Non CDM များက စိုက်ထုတ်ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဇွန် ၂၉

အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်း၊ ရုံးချုပ်နှင့် စက်ရုံများမှ CDM ဝန်ထမ်း ၁၀၆ ဦးက ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ချေးယူခဲ့သော လစာ ၂ ဆချေးငွေဖြစ်သော ငွေကျပ် သိန်း ၄၀၀ နီးပါးကို ပြန်လည် ပေးဆပ်ခြင်းမရှိဘဲ ပျက်ကွက်နေ၍ Non CDM များက စိုက်ထုတ် ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

CDM ဝန်ထမ်း ၁၀၆ ဦးမှ ချေးငွေ ပြန်ပေးဆပ်ရန် ပျက်ကွက်နေမှုကို ချေးငွေရယူစဉ်တွင် လျှောက် လွှာတွင် အာမခံပေးထားသည့် အာမခံ ဝန်ထမ်း ၂ ဦးမှ စိုက်ထုတ်ပေးဆပ်ရန် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လစာ ၂ ဆ ချေးငွေကို ဇွန်လအတွင်း အပြီး ပေးသွင်းရမည်ဖြစ်၍ ရုံးချုပ်နှင့် စက်ရုံများရှိ CDM ဝန်ထမ်းများအတွက် အာမခံထားသည့် ဝန်ထမ်းများက အပြီးပေးလျော်ရန်၊ ဌာနနှင့် စက်ရုံများ အားလုံးသို့ အပြီးပေးသွင်းရန် စာဖြင့် အကြောင်းကြားထားခြင်းဖြစ်ပြီး စုစုပေါင်း ပြန်လည် ပေးဆပ်ရမည့် ချေးငွေမှာ ၃၉,၅၄၃,၉၀၀ ကျပ် ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article