27 C
Yangon

မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ကြေညာ

Must read

မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ကြေညာ

ရန်ကုန်၊ ဇွန် ၃၀

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် တရားဝင် ကြေညာသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေ စစ်ရေးရည် မှန်းချက်နှင့်အညီ ချင်းညီနောင်သည် မဟာမိတ်အင်အားစုများ နှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိကြောင်း၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သော အာရက္ခတပ်တော် AA ၊ Yaw Army ၊ Yaw Defense Force (YDF) တို့နှင့်ပူးပေါင်းကာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်

ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ အမှတ် ၃၀၄ ခြေမြန်တပ်ရင်းကိုလည်းကောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် ၁၄၀ ခြေလျင်တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article