25.8 C
Yangon

မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်တွင် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်တွင် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်း မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း၏ နေရာ ၃ ခု ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူ လူငယ်အချို့က ဦးဆောင်ကာ မြစ်ဆုံစီမံကိန်း အ ပြီးတိုင် ဖျက်သိမ်းရေးအတွက် စတစ်ကာ ရေမျှောကမ်းပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းစတေကာများတွင် မြစ်ဆုံစီမံကိန်း အလိုမရှိ၊ ဧရာဝတီကို ကာကွယ်ကြပါစို့၊ ဧရာဝတီရှင်သန်ဖို့ မြစ်ဆုံကို ကာကွယ်စို့၊ ပြည်သူ့အသံကို နားထောင်ပါ၊ မြစ်ဆုံသည် ရောင်းကုန်မဟုတ် စသည့်စာများရေးသား ထားကြောင်း သိရသည်။

“အဓိကကတော့ မြစ်ဆုံစီမံကိန်း ထာဝရ ဖျက်သိမ်းဖို့အတွက် ဒီစတစ်ကာကို ကောက်ပြီးတော့ ဖတ် မိတဲ့သူတိုင်း၊ မြင်တဲ့သူတိုင်း အားလုံးက ဒီဟာကို သိပြီးတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ် တဲ့ ဒီဧရာဝတီမြစ်ကြီးကို ကာကွယ်ဖို့အတွက်နှိုးဆော်ရခြင်းဖြစ်တယ်။ အားလုံးက ဝိုင်းဝန်းပြီး တော့ ကန့်ကွက်သွားဖို့ ဖြစ်တယ်။ လူကိုယ်တိုင်မပြောပြနိုင်တဲ့အတွက် စတစ်ကာနဲ့ ပြောပြခြင်းဖြစ်ပါ တယ်။” ဟု ယင်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအတွက် အသက်သွေးကြောတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် နိုင်ငံတကာရှိ ဧရာဝတီမြစ်နှင့်မြစ်ဆုံကိုချစ်မြတ်နိုးသူများအနေဖြင့် ဝိုင်းဝန်းကာကွယ်ပေးကြပါရန် တိုက်တွန်းတောင်းဆိုထားသည်။

၂၀၁၁ ခုနှစ် သမ္မတ သိန်းစိန်အစိုးရလက်ထက် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို အကြမ်းဖက်မင်းအောင်လှိုင်က တရုတ်နှင့်ပူးပေါင်း၍ ပြန်လည် စတင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article