30 C
Yangon

လားရှိုး၊ နမ့်ဖူးယိုင်ရှိ MNDAA တပ်များကို စစ်ကောင်စီက စတင်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ကိုးကန့်ရဲဘော် ၂ ဦးကျဆုံး၊ ၁၀၂၇ ဒုတိယလှိုင်းတွင် MNDAA ပါဝင်လာ

Must read

လားရှိုး၊ နမ့်ဖူးယိုင်ရှိ MNDAA တပ်များကို စစ်ကောင်စီက စတင်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ကိုးကန့်ရဲဘော် ၂ ဦးကျဆုံး၊ ၁၀၂၇ ဒုတိယလှိုင်းတွင် MNDAA ပါဝင်လာ

■ ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက် တိုက်ခိုက်သဖြင့် ရှမ်းမြောက်တွင်တိုက်ပွဲ များ ပိုမို ပြင်းထန်လာနိုင်ဟု သတိပေး

ရန်ကုန်၊ ဇွန် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ မြောက်ဘက် နမ့်ဖူးယိုင်ရှိ MNDAA နယ်မြေကို စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ကိုးကန့်ရဲဘော် ၂ ဦကျဆုံးကြောင်း MNDAA ၏ သတင်းထုတ်ပြန်ရေး The Kokang က သတင်းဖော်ပြသည်။

ဇွန် ၂၉ ရက် နံနက် ၈ နာရီအချိန် လားရှိုးမြို့ မြောက်ဘက်၊ နမ့်ဖူးယိုင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၏ ကာကွယ်ရေး နယ်မြေကို စစ်ကောင်စီ၏ ခမရ ၅၇၉ တပ်ရင်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ၊ MNDAA ရှေ့တန်းတပ်သား ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

နှစ်ဖက် တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားပြီးနောက် ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း ၊ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု မအောင်မြင်သောကြောင့် လားရှိူးမြို့၊ ဟိုပိတ် ၊၁၃ မိုင် မှ မြောက်ပိုင်းမဟာမိတ်တပ်များ ၏ ကာ ကွယ်ရေး နယ်မြေကို စစ်ကောင်စီက အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန်အထိ အာဏာသိမ်းတပ်ဖွဲ့များ၏ ဗုံးကျဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက “ဟိုဂင် အပစ်ရပ် သဘောတူညီချက်” ကို ချိုးဖောက်ပြီး မဟာမိတ်တပ်များကို ထပ်မံတိုက်ခိုက်နေကြောင်း၊ ဇွန်လ ၁၈ ရက်နေ့ TNLA နယ်မြေကို ဗုံးကျဲတိုက်ခိုက်ခြင်းအပြင် ဒရုန်းများဖြင့်ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် မြန်မာနိုင်ငံရှိ ရှမ်းမြောက်ဒေသပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAA က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article