29 C
Yangon

တွန်းဇံမြို့နယ်တွင် စစ်ရှောင် ပြည်သူများ ဆေးဝါးပြတ်လပ်နေ၍ ပြည်သူ ၂ ဦး သေဆုံး

Must read

တွန်းဇံမြို့နယ်တွင် စစ်ရှောင် ပြည်သူများ ဆေးဝါးပြတ်လပ်နေ၍ ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ ဆေးဝါးပြတ်လပ်နေ၍ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၅ ရက်နေ့မှ စတင်ပြီး တွန်းဇံမြို့နယ် အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မြို့နယ်အတွင်း နေထိုင်သော ပြည်သူ ၁၀၀၀၀ ကျော်သည် နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ ပြည်သူ ထက်၀က် နီးပါးခန့်သည် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် ဆေး၀ါးများ ပြတ်လပ်နေပြီး ဆေးဝါးပြတ်လပ်မှုကြောင့် အသက် ၂၃ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၉၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ၀မ်းရေးခက်ခဲသော သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည် များနှင့် စစ်ဘေးသင့် ပြည်သူများကို တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တတ်နိုင်သည့်ဘက်မှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိကြောင်း ပအဖ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

စစ်ဘေးရှောင် CDMER များနှင့် ပြည်သူများ အနေဖြင့် မဖြစ်မနေ အကူအညီများ လိုအပ်ပါက မြို့နယ် CDM ကော်မတီကို လိပ်မူပြီး သော်လည်းကောင်း၊ Tonzang township administration board page ကနေ တဆင့် အ​သိပေး အကြောင်းကြားနိုင်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article