26 C
Yangon

KNDO နှင့် စစ်တပ်တို့အကြား ၆ လတာ ကာလ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၇၃ ဦး သေဆုံး

Must read

KNDO နှင့် စစ်တပ်တို့အကြား ၆ လတာ ကာလ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၇၃ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် KNDO နှင့် စစ်တပ်တို့ ၆ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၇၃ ဦး သေဆုံးပြီး ၁၅၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ညောင်လေးပင်ခရိုင်အတွင်းရှိ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ၏ နယ်မြေဖြစ်သော နတ်သံကွင်း− ကျောက်ကြီး−မူသယ် မှ တပ်မဟာ ၅ နယ်စပ်အထိ ၆ လတာ အတွင်း ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ နှင့် အကြမ်းဖက် စစ်တပ်များအကြား တိုက်ပွဲပေါင်း ၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၇၃ ဦး သေဆုံးခဲ့ရပြီး ၁၅၁ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း ၆၂ ကောင် သေဆုံးပြီး အကောင် ၄၀ မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်သုံးကား ၃ စီးနှင့် ဆိုင်ကယ် ၇ စီးတို့မှာ လည်း ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းတို့ထံမှ MA-1 ၁ လက် ၊ MA ကျည် ၁၂၀၀ တောင့်၊ M-14 ၅ လုံး၊ 60 MM ၆ လုံး နှင့် မြင်း ၃ ကောင်ကို ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (K.N.D.O) က သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) မှ တပ်ဖွဲ့ဝင်၄ ဦး မှာ တိုင်ပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၇ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article