26 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ မှ ည ၈ နာရီ ၂၀ မိနစ်ထိ ရွှေဘိုမြို့နယ် သီလုံးရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၂၁ မိနစ် မှ ၇ နာရီ ၄၄ မိနစ် အထိ ထပ်မံ၍ ပျူစောထီးများကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခြင်းသည် သီလုံးရွာမှ ပျူစောထီးများနှင့် ပန်းရံရွာမှ ပျူစောထီးများသည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို မတရား အတင်းအဓမ္မ လိုက်လံ ရိတ်သိမ်းနေ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“အသေအဆုံးကိုတော့ စုံစမ်းနေဆဲပါ။ ပျူရွာဖြစ်တာကြောင့် ပြည်သူများလည်း တိမ်းရှောင်ထွက်ပြေးနေရတာမို့ သတင်း​ယူ စုံစမ်းရန် အခက်ခဲလေးရှိတာကြောင့် အသေပျောက်ကို စုံစမ်းစီစစ်ဆဲမို့ အတိကျမသိရသေးပါ” ဟု shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို shwebo Crocodile ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ်ဖြစ်သော M.S.N M.SAI NAW ပျောက်ကျားအဖွဲ့ ၊ Ayadaw Rocket (LPDF ၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီဒေါင်း (ဒပယ) ၊ ဗိုလ်လင်းရောင် (ဒပယ) ၊ ရွှေဘိုအားမာန် (UG) ၊ shwebo Federal Army ၊ Bo Ba Taw (LPDF) ၊ HG FIGHTRs(LPDF) ၊ ဒေါင်းစစ်သည် အဖွဲ့ ၊ ဂျိုကာပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF) ၊Zay Yar Thawed ၊ Yaung NI ၊ flying Dragon Force ၊ Hinthar People Defence Force အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article