28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်တွင်းမှာ ဆန်စျေးနှုန်းကို အမြတ်တင် ရောင်းတယ်ဆိုပြီး Orange စျေးဝယ်စင်တာရဲ့ ဒါရိုက်တာ ဂျပန်နိုင်ငံသားကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့အပေါ် ချက်ချင်း ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရနဲ့ သံရုံးက တောင်းဆိုလိုက်ပြီး ၊ အဲ့ဒီံလို ဂျပန်နိုင်ငံသား စီးပွားရေးသမားကို စစ်တပ်က ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံက ဂျပန်ရင်းနှီးမြုပ်နှံမှုတွေအပေါ် အကြီးအကျယ် ရိုက်နေတယ်လို့ သိရပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်တွေကိုပါ မနေ့ကညပိုင်းမှာပဲ တိုက်လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားတဲ့အတွက် One Love ဟိုတယ် နဲ့ လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားပြီး ပြည်သူတွေလည်း ထိခိုက်မှုတွေရှိ ထားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့ စစ်ကား ၂ စီးကို အမြန်လမ်း ၁၆၁ မိုင်မှာ တော်လှန်ရေးတပ် တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ အပြင် ၊ နောက်ထပ် ၅ ဦးက ပြင်းထန်ဒဏ်ရာတွေ ရသွားကြတယ်လို့ PDF ၃၅၀၁ တပ်ရင်း၊ ဘုရင့်နောင်စစ်ကြောင်းရဲ့ တာဝန်ခံကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article