29 C
Yangon

မိုးကုတ်မြို့ တိုက်ပွဲများအတွင်း TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိ၊ နောင်ချိုနှင့် မိုးမိတ်တို့ တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးကုတ်မြို့ တိုက်ပွဲများအတွင်း TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိ၊ နောင်ချိုနှင့် မိုးမိတ်တို့ တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့ တိုက်ပွဲများအတွင်း တအာင်းတပ်မတော် TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

မိုးကုတ်မြို့နယ်တွင် တစ်ပတ်တာ အတွင်း တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ် ထံမှ လက်နက် ၄၃ လက် သိမ်းဆည်းရရှိပြီး ရဲ ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 ၁ လက်၊ MA-2 ၃ လက်၊ MA-3 ၅ လက်၊ MA-10 ၂ လက်၊ MA-11 ၃ လက်၊ MA-16 ၁ လက်၊ MG-64 ၁ လက်၊ 60 mm ၂ လက်၊ 81 mm ၁ လက်၊ RPG-7 ၂ လက်၊ G-3 ၉ လက်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ၏ စကခ ၁ ၊ မခရ ၁၁၄ ၊ ၁၁၅ နှင့် ခမရ ၆၀၆ တပ်စခန်းများကို တအာင်း တပ်မတော် TNLA ၊ DPLA နှင့် MDY-PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီးတွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article