27 C
Yangon

လယ်ဒိုမြို့နယ်တွင် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

လယ်ဒိုမြို့နယ်တွင် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁

ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇွန်လ ၂၂ ရက်နေ့တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၆၀ တပ်ရင်းက စစ်ကောင်စီ တပ်သားများက သဲကုန်းကျေးရွာမှ အသက်အရွယ် ၅၃ နှစ်အရွယ် ဒေါ်မိုးမိုးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ စောမဲလေး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးချစ်ကို၊ အသက် ၇၂ နှစ်အရွယ် ဦးမျိုးမြင့် တို့ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ တွင် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်း က ၁၂၂ မမ ဟောင်ဝှစ်ဇာ ၃ လုံး အား ထပ်မံ ပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲသောကြောင့် ကျေးရွာနေပြည်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article