27 C
Yangon

ဝမ်းတွင်း ရွှေတောင်ရဲစခန်းနှင့် မြင်းခြံ သစ်ရုံရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဝမ်းတွင်း ရွှေတောင်ရဲစခန်းနှင့် မြင်းခြံ သစ်ရုံရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရတယ်။ ဒီနေ့ ညနေ ၄ နာရီလောက်က တိုက်ခိုက်ခံရတာ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ ဒရုန်းက ရွှေတောင်နဲ့ ရွာနီးချင်း ကျွက်ကန် ဘက်ကနေလာတယ်ဆိုပြီး ကျွက်ကန်ရွာဘက်ကို စစ်ခွေးတွေ လိုက်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာလမ်းဆုံတွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ လမ်းဆုံတွင် ခရီးသွား ပြည်သူများကို အနိုင်ကျင့် ရမ်းကားကာ ‌လက်ဝတ်ရတနာနှင့် ငွေကြေးများကို လုယက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article