28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာပြည်သူတွေအကြား ရေပန်းစားအသုံးများနေတဲ့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
  • မန္တလေးတိုင်း၊ မိုးကုတ်မြို့ တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်တယ်လို့ ကချင်ပြည်နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန် သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article