27 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန် ၊ ဇူလိုင် ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာအနှံ့ကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန် ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့် မြိုင်မြို့နယ၊ သရက်ပျူစောထီးကျေးရွာကို Rocket လက်နက်ကြီးဖြင့် ၅ လုံး ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် Rocket လက်နက် ကြီး ၅ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ သရက်ကန်ပျူစောထီးကျေးရွာ တောင်ပိုင်း၌ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁ ရက် နေ့တွင် မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာနေရာ အများ အပြားကို Rocket ရော့ကတ်လက်နက်ကြီး အများအပြားပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ပျူစောထီးများ အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“၂ ရက်ဆက်တိုက်ရွာအနှံ့ပစ်ခဲ့တာဆိုတော့ ထိခိုက်မှုကတော့ရှိတယ်၊ အပျက်အစီးတွေလည်း ရှိတယ်၊ အတိ အကျတော့ မသိရသေးဘူး။ အပြင်ထွက်လာမလားစောင့်နေတာ ထွက်မလာ သလို သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမျိုးလည်းမရှိခဲ့ဘူး။ ဘန်ကာတွေထဲမှာပဲ ကြောက်ပြီး ပုန်းနေပြ တယ်လို့ ယူဆရတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကျားသစ်နက်တပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ Cobra One ၊ Taty-PKU I Thurain-TR နှ့င် Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article