24.4 C
Yangon

ကျောက်မဲနှင့် သီပေါမြိုနယ်တို့တွင် စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦးသေဆုံး၊ ဆီဆိုင်နှင့်ပင်လောင်းတွင် စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီက လက် နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းအချိန် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၈ တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး၁ ဉီး ကျည်ထိမှန် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျောက်မဲမှာကတော့ ပြေးဖို့လည်းအ တော်ကို အဆင်မပြေဘူး။ သေကာမှ သေရောပဲ။ ပြည်သူတွေက မြို့ထဲမှာ ပိတ်မိနေကြတယ်။ ကိုယ်ပိုင် ဗုံးခိုကျင်းတွေ တူးနေကြရတယ်” ဟု ကျောက်မဲမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် သီပေါမြို့၊ စံဖိတ်ကွက်သစ်အတွင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဉီး၊ အမျိုးသမီး ၃ ဉီး ထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသနှင့် မိုးကုတ်တို့တွင် တိုက်ပွဲ ၆ ရက်တာကာလအတွင်း စစ်ကောင်စီတပ်က အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား ၂၅ ဉီး သေဆုံးကြောင်း၊ထို့ပြင် အရပ်သား ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က စစ်ကြောင်းထိုး၍ နေအိမ်များကို ဖျက်ဆီးနေကြောင်း PNLA က ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာနှင့် ကယန်းလေးကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထီဗွာကျေးရွာသည် အကြမ်းဖက် စစ်တပ်နှင့် PNO တို့ တပ်စွဲထားသည့် ကျေးရွာ ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၅ ရ‌က်၊ ၁၆ ရက် ၁၇ ရက်နေ့တွင်လည်း ပထမအကြိမ် ပြည်သူလူ ထုနေအိမ် ၂၄ အိမ်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး ခဲ့သေး ကြောင်း သိရှိရသည်။

ယခု ဒုတိယအကြိမ်တွင်လည်း ထီဗွာကျေးရွာနှင့်ကယန်းလေးကျေးရွာရှိ နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ် နှင့် PNO အဖွဲက စစ်ကြောင်းထိုး နေပြီး ဇူလိုင်လ ၁ ရက်နေ့က ဆောင်းပြောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ဒရုန်းများ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထုပိုင် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ဆောင်းပြောင်းကျေးရွာအတွင်းရှိ ပြည်သူ ၃၀၀ ကျော်မှာလည်း ပိတ်မိနေပြီး ထို ပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ရွာပြင် ထွက်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း PNLA ထံမှ သိရသည်။

Ko

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article