27 C
Yangon

သံတွဲမြို့ရှိ ကျန်ရှိနေသော စစ်စခန်း အားလုံးကို AA က အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေပြီး ULA/AA အမည်ကို အသုံးချ၍ လုပ်ငန်းရှင်များထံမှ ငွေကြေး လိမ်လည်နေသူများ ချက်ချင်းရပ်တန့်ရန် AA သတိပေး

Must read

သံတွဲမြို့ရှိ ကျန်ရှိနေသော စစ်စခန်း အားလုံးကို AA က အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေပြီး ULA/AA အမည်ကို အသုံးချ၍ လုပ်ငန်းရှင်များထံမှ ငွေကြေး လိမ်လည်နေသူများ ချက်ချင်းရပ်တန့်ရန် AA သတိပေး

ရန်ကုန်၊ ဇူလိုင် ၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ကျန်ရှိနေသော အကြမ်းဖက် စစ်တပ် စခန်း အားလုံးကို AA က အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေပြီး ULA/AA အမည်ကို အသုံးချ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များထံမှ ငွေကြေး လိမ်လည်နေသူများ ချက်ချင်းရပ်တန့်ရန် AA က သတိပေး ထုတ်ပြန်လိုက်သည်။

လက်ရှိချိန်တွင် အာရက္ခတပ်တော် အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ စခန်းများ အပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြား မြို့များရှိ စစ်စခန်းများ အားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေမှုကို အခွင့်ကောင်းယူ၍ မသမာသူ အုပ်စု တစ်စုသည် ULA/AA နာမည်ကို အသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရသည်။

ULA/AA နာမည်ကို အသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေရသော သူများအနေဖြင့် ယခုကဲ့သိုသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် AA က သတိပေးလိုက်ပြီး သံတွဲ၊ ငပလီ ပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း အာရက္ခတပ်တော်က ပြောဆိုသည်။

ထိုသို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article