26 C
Yangon

နောင်ချို၊ ၆၀၆ ဒုံးတပ်ရင်း မကျဆုံးရေး စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရ၊ ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

နောင်ချို၊ ၆၀၆ ဒုံးတပ်ရင်း မကျဆုံးရေး စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရ၊ ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ရှိ ၆၀၆ ဒုံးတပ်ရင်း မကျဆုံးရေး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရကြောင်း TNLA ကပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၂၀ မိနစ်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဘန့်ဘွေရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို လက်နက်ကြီး ၁၆ လုံး ပစ်ကူခဲ့ပြီး လေကြောင်းပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခဲ့ကာ စစ်အင်အား ၅၀ ဦးလည်း ပြန်လည် ဖြည့်တင်းမှု ပြုလုပ်နေကြောင်း သိရသည်။

နောင်ချိုမြို့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁ လက်အောက်ခံ ခမရ (၁၁၄) ၊ ခမရ (၁၁၅) နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁) ၊ ခမရ (၃၀၃) ၊ ခမရ (၃၀၆) တပ်ရင်းများ ပါဝင်ပြီး ခမရ (၁၁၄) နှင့် (၁၁၅) တပ်စခန်းများကို တအာင်းတပ်မတော်က သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား အချို့သည် (၆၀၆) ဒုံးတပ်ရင်းကို သွားရောက် ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၁ ရက်နေ့ကလည်း နောင်ချိုမြို့ ၆၀၆ ဒုံးတပ် တိုက်ပွဲနေရာကို အကြမ်းဖက် စစ်ကောင်စီက Jet Fighter ၅ စီး၊ MI-35 ၂ စီး၊ Y-12 ၁ စီးဖြင့် ပစ်ကူပေးခဲ့ပြီး Y-12 ၁ စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်‌ကောင်စီ၏ ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းတို့၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးမိတ်မြိုမှ မကျီးပင် ဒေသကို ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ကလည်း မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများက ညောင်နီနှင့် သရက်ချိုရွာဘက်ကို ၁၂၀ မမ ၊ ၄၅ မမ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article